ရန်ကုန် ၁၈ မတ်
အင်းစိန်မြို့နယ်၊မြို့မဈေးကြီးနှင့် လေဟာပြင်ဈေးတို့တွင် ဈေးရောင်းသူများနှင့် ဈေးဝယ်သူများကို ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်းနှင့် အပူချိန်စစ်ဆေးသည့် ကမ်ပိန်းကို မြို့နယ်စည်ပင်နှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဈေးဝယ်လာသူများကို လက်သန့်ဆေးရည်ဖြင့် လက်ဆေးခြင်းများ ဆောင်ရွက်ခြင်း၊ ဈေးရောင်းချသူများကို သား၊ ငါးများ မကိုင်တွယ်မီ လက်ဆေးစေပြီး လက်အိတ်များဝတ်စေခြင်း၊ ကိုယ်ပူချိန်တိုင်းကိရိယာဖြင့် ကိုယ်ပူချိန်တိုင်းတာ ကိုရိုနာဗိုင်းရပ်(စ်) ရှိ/မရှိ စစ်ဆေးခြင်းများကို အင်းစိန်မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းသန်း၊မြို့နယ်စည်ပင်ကျန်းမာရေးမှူး ဦးချမ်းလင်းနှင့်ဝန်ထမ်းများ၊ ဈေးများဌာနမြောက်ပိုင်းခရိုင်ရုံးမှ ဌာနစုမှူး ဒေါ်ယဉ်ယဉ်စန်း၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဆရာမ ဒေါ်ခင်မာအေးနှင့် ဝန်ထမ်းများ ဈေးတာဝန်ခံ ဦးမင်းဇော်၊ ဒေါ်ဝါဝါမြင့် တို့က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မျိုးသန့်(ပြန်/ဆက်)


