ရန်ကုန်   ၄   မေ

ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရန် ရည်ရွယ်၍ အကျဉ်းဦးစီးဌာနတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းကို ယမန်နေ့ နံနက် နာရီက ဆောင်ရွက်ခဲ့သည်။

 

ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ အကျဉ်းဦးစီးဌာနရှိ အရာရှိ ရိပ်သာနှင့် လျှောက်လမ်းတို့ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အင်းစိန်မြို့နယ်၊ မီးသတ်ဦးစီးမှူး ဦးရန်နိုင်ဖြိုး ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၅)ဦးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်(၂)ဦးတို့ဖြင့် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

 

မေလ ရက်နေ့ကလည်း အင်းစိန်မြို့နယ်၊ အကျဉ်းဦးစီးဌာနရှိ လျှောက်လမ်းများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အင်းစိန်မြို့နယ်၊ လက်ထောက်မီးသတ်ဦးစီးမှူး ဦးခိုင်မိုးမင်း ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ဦးဖြင့် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

 

ဆက်လက်၍ အင်းစိန်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်များအတွင်းရှိ လမ်းများ၊ လူစည်ကားရာ နေများတွင်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အင်းစိန်မြို့နယ် Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးကော်မတီမှ ရောဂါကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)