အင်းစိန်မြို့နယ်၊ အထွေထွေရောဂါကုဆေးရုံကြီးမှ သမားတော်ကြီးများဦးဆောင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေးအတွက် (ယာယီ)ကျန်းမာရေးစစ်ဆေးမှုဌာန ဖွင့်လှစ်ထားရှိ

ရန်ကုန်       ၆     ဧပြီ        

ရန်ကုန်မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၊ အထွေထွေရောဂါကုဆေးရုံကြီးမှ သမားတော်ကြီးများ ဦးဆောင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေးအတွက် (ယာယီ)ကျန်းမာရေးစစ်ဆေးမှုဌာနသို့ အင်းစိန်မြို့နယ်၊လွှတ်တော်ကိုယ်စားလှယ်များသည် ယနေ့ နံနက် ၁၀ နာရီက လာရောက်ကြည့်ရှုခဲ့သည်။

အင်းစိန်မြို့နယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊ တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်နှင့်တာဝန်ရှိသူများသည် အင်းစိန်မြို့နယ်ခန်းမ၌ ဖွင့်လှစ် ထားသော အင်းစိန်ဆေးရုံမှ သမားတော်ကြီးများမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေးအတွက် (ယာယီ)ကျန်းမာရေးစစ်ဆေးမှုဌာန ဦးတည်ဆောင်ရွက်ထားသည့် (ယာယီ)ကျန်းမာရေးစစ်ဆေးမှု ဌာနသို့ မိမိတို့၏ ကျန်းမာရေးအသိဖြင့် လာရောက်ပြသစစ်ဆေးခံသူများအား လိုအပ်သည်များကို ဖေးမကူညီပေးခဲ့သည်။

 

‌ေ

 

အဆိုပါ ကျန်းမာရေးစစ်ဆေးမှုဌာနအား တနင်္လာနေ့မှ စနေ့အထိ နံနက် ၉ နာရီအချိန်မှ ၁၁ နာရီအထိ ဖွင့်လှစ်ထားကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)