ရန်ကုန် ၂၅ အောက်တိုဘာ
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ် အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူများ၏ Contact Personများအား Quarantine ဝင်ရောက်ရန် နေအိမ်များမှ သွားရောက်ခေါ်ယူ၍ သက်ဆိုင်ရာ Quarantine Center များသို့ ယမန်နေ့ ညနေပိုင်းက အသီးသီး ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်အတွင်းတွင် Quarantine Center(၆)ခုအနက် အင်းစိန်(GTI) Quarantine Center(၁)၊ (၂)သို့ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူ၏ Contact Personများဖြစ်သော စဉ့်ငူရပ်ကွက်၊ ရွှေကျီးလမ်း၊ ဘူတာရုံလမ်း၊ ရွာလယ်လမ်း၊ စံပါယ်လမ်း၊ ၅ ခန်းတွဲ ၅ လမ်း ၊ သီတာလမ်း၊ စံပြခြံလမ်းများမှ (၁၉)ဦး၊ အောင်ဆန်းရပ်ကွက်၊ ရွှေပင့်ကူလမ်း၊ ပေါက်ပင်လမ်း၊ ရွာသစ်လမ်းများမှ (၅)ဦး၊ နံ့သာကုန်းရပ် ကွက်၊ နံ့သာမြိုင်လမ်း၊ မီးရထားတိုက်-၃မှ (၄)ဦး၊ တညင်းကုန်းရပ်ကွက် ဂေါက်ကွင်းဘူတာရုံလမ်းမှ (၂) ဦး၊ ဖော့ကန်ရပ်ကွက်၊ အထက်မင်္ဂလာလမ်းမှ (၂)ဦး၊ ကမ်းအနား အလယ်ရပ်ကွက်၊ ခေမာလမ်းမှ (၂)ဦး၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ ရန်ကြီးအောင်လမ်းမှ (၂)ဦး စုစုပေါင်း(၃၆)ဦးကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ကြက်ခြေနီအသင်းခွဲ၊ ပရဟိတ အဖွဲ့များနှင့် လူမှုကူညီ အသင်းများမှ သက်ဆိုင်ရာ Quarantine Center များသို့ အသီးသီး ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


