ရန်ကုန် ၁၈ ဇန်နဝါရီ
အင်းစိန်မြို့နယ်စာပေဥယျာဉ် (Book club) အသင်းက "စာအုပ်စာပေလူ့မိတ်ဆွေ" "စာပေမြင့်မှလူမျိုး သင့်မည်" "အလိမ္မာစာမှာရှိ" ဆိုသည့် စကားရပ်များအပေါ် အခြေခံကာ အင်းစိန်သားတို့၏ စာပေဆွေးနွေးပွဲစကားဝိုင်းကို ဇန်နဝါရီ ၁၄ ရက် မွန်လွဲ ၂ နာရီက မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ခရိုင်ပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့ရာ အင်းစိန် မြို့နယ် / ရပ်ကွက် အတွင်းရှိ လူငယ်စာပေဝါသနာရှင်များစိတ်ပါဝင်စားစွာ တက်ရောက်လေ့လာ ဆွေနွေးခဲ့ကြသည်။
စာပေဆွေးနွေးပွဲစကားဝိုင်းတွင် စာရေးဆရာ ကျော်ဝင်း ဘာသာပြန်ရေးသားပြီး တကောင်း စာအုပ်တိုက်မှ ထုတ်ဝေသော "နှစ်ဆယ့်တစ်ရာစု သားရွှေဥ" စာအုပ်တွင် အပိုင်း(၁)စာပိုဒ်၌ ပါရှိသည့် အကျင့်ထဲသို့ဝင်ရောက်ခြင်း ဝိဘဇ္ဇအကျင့်နှင့် အပိုင်း၂ ၌ ပါရှိသော မှန်ထဲကလူနှင့်စကားပြောခြင်း စာပိုဒ် အကြောင်းအရာများကို စာရေးဆရာမ ခင်နွဲ့မူ ကလည်းကောင်း၊ အပိုင်း(၃) နှင့်အပိုင်း ၄ တို့၌ပါရှိသည့် ဦးနှောက်ကို ဆွပေးတဲ့ အလုပ်တိုင်းဟာ စိတ်ကိုတွေးရာရောက်ပြီး အရေးအကြီးဆုံးနှင့် အထိရောက်ဆုံး ခန္ဓာကိုယ်ကို လေ့ကျင့်ခြင်းနှင့် စောင့်ရှောက်ခြင်း၊ စိတ်ကို စာဖတ်ခြင်းနှင့် စောက်ရှောက်ပါတယ်ဆိုသော စာပိုဒ်များကို ဆရာ စိုးနိုင်က လည်းကောင်း၊ အပိုင်း ၅ ၌ပါရှိသော ကလေးတို့မင်းတို့ဟာ တောင်တန်းကြီးတွေကို ရွှေ့နိုင်သူတွေဖြစ်တယ် မျှော်လင့်ချက်တွေရှင်သန်စေဆိုသည်စာပိုဒ်များအကြောင်းနှင့် အပိုင်း ၆ ၌ ပါရရှိသော ကမ္ဘာ့သမိုင်းမှာအတိုဆုံး သြဇာအကြီးဆုံး မိန့်ခွန်း မျော်လင့်ချက်တွေ ခိုင်မာစေ ဆိုသည့်အကြောင်း စာပိုဒ်များကို သတင်းစာဆရာ ဦးဘိုကြည် (ဗိုလ်သံမဏိ)ကလည်းကောင်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲစကားဝိုင်းသို့ ခရိုင်ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်အေးအေးခိုင် ဒုတိယဦးစီးမှူး၊ စာပေဥယျာဉ်အဖွဲ့ဝင်များ၊ စာပေချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင် လူငယ်များ တက်ရောက်၍ စိတ်ဝင်စားစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မျိုးမင်းသိန်း(မရမ်းကုန်း)