ရန်ကုန် ဇူလိုင် ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှုအသင်းအနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် ရည်ရွယ်လျက် အလှူရှင်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများနှင့် အလှူငွေများကို ဇူလိုင် ၂၈ ရက် နံနက်ပိုင်းက အသီးသီး လှူဒါန်းခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ၊ ထိတွေ့လူနာ၊ သံသယလူနာများနှင့် သေဆုံးပြီးသူများအား အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှုအသင်းနှင့်တာဝန်ရှိသူများက ခေါ်ယူပို့ဆောင် ပေးလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ကိုဇော်ဇော်+ မဝါဝါလွင်(ဝါဝါစပယ်ခြံ)မိသားစု ပိုးသတ်ဆေး(၂)ပုံး၊ သူငယ်ချင်းတစ်စုမှ PPEများ၊ နှာခေါင်းစည်းများ နှင့် ခေါင်းစွပ်များ၊ ကွယ်လွန်သူ(ဒေါ်သွယ်သွယ်နှင်း)အား ရည်စူး၍ သား မောင်ဇော်မျိုးဦး မိသားစုမှ အလှူငွေကျပ်(၂)သိန်းနှင့် ကွယ်လွန်သူ(ဦးအောင်မြင့်)အား ရည်စူး၍ ဦးကိုကိုလတ်+ဒေါ်စန်းစန်းဝင်း သမီး ဆုသိင်္ဂီလတ် မိသားစုမှ အလှူငွေကျပ်(၁)သိန်းတို့ကို အလှူရှင်များက အသီးသီး လှူဒါန်းရာ စိန်ရတနာ နာရေးကူညီမှု အသင်းမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့ သည်။

အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှုအသင်း အနေဖြင့် ပုံမှန်လူမှုကူညီရေးလုပ်ငန်းများနှင့်အတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်များကို အရှိန်အဟုန်မြှင့် ပါဝင်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)