အင်းစိန်မြို့နယ်၊ စက်မှုလက်မှုသိပ္ပံကျောင်း(GTI)တွင် စောင့်ကြည့်ခံရသူများထားရှိရန် သန့်ရှင်းရေးများ ဆောင်ရွက်

ရန်ကုန်    ၃၁    မတ်        

အင်းစိန်မြို့နယ်၊ COVID-19 ရောဂါ စောင့်ကြည့်ခံရသူများထားရှိမည့် စက်မှုလက်မှု သိပ္ပံကျောင်း (GTI)တွင် ပရဟိတအဖွဲ့များ စုပေါင်း၍ ယနေ့ နံနက် ၉ နာရီက သန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ နာရေးကူညီမှုအသင်းများ၊ ပရဟိတအဖွဲ့ဝင်များ စုပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မျိုးသန့်(ပြန်/ဆက်)