ရန်ကုန်   ၈   မေ

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန် ရေးကော်မတီသို့ ငွေနှင့် Faceshield ၄၀ဝ ခု လှူဒါန်းခြင်းကို ယနေ့ ၁၀ နာရီအချိန်က အင်းစိန် ဆေးရုံအုပ်ကြီး ရုံးခန်း၌ ပြုလုပ်ခဲ့ရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နော်လှလှစိုးနှင့် အင်းစိန်မြို့နယ် ကိုဗစ်-၁၉ ကော်မတီ အတွင်ရေးမှူး အင်းစိန်ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်မေစန်း ချိုက လက်ခံယူခဲ့သည်။

 

လှူဒါန်းရာတွင် UCF Senior Friends မှ ငွေကျပ် ၅ သိန်းနှင့် LIGHT WEIGHT CONCRETE BLOCK မှ ဒါရိုက်တာ စိုးမြတ်မင်းက ငွေကျပ် ၄ သိန်းတန်ဖိုးရှိ  Faceshield ၄၀ဝ  တို့ကို လာရောက် လှူဒါန်းခဲ့ပြီး အဆိုပါ ငွေနှင့်ပစ္စည်းများကို အင်းစိန်မြို့နယ်၌ မြေလှန်ရှာဖွေစနစ်ဖြင့် ရောဂါပိုးမွှားများရှိသူများကို အရှိန်အဟုန်မြှင့်၍ ရှာဖွေရာတွင် အသုံးပြုမည်ဟု ဒေါက်တာ ဒေါ်မေစန်းချိုက ပြောကြားခဲ့သည်။

 

မျိုးသန့်(ပြန်/ဆက်)