ရန်ကုန်   ၂၀   မေ

 

ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းမှ အင်းစိန်မြို့နယ် ကန္နားအနောက်ရပ်ကွက်ရှိ အခြေခံလက်လုပ်လက်စား ပြည်သူ ၈၀ အား အခြေခံစားသောက်ကုန်များ လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၈ နာရီက အင်းစိန်မြို့နယ် (GTI)စားရိပ်သာခန်းမတွင် ကျင်းပခဲ့သည်။

 

လှူဒါန်းရာတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းမှ အင်းစိန်မြို့နယ်၊ ကန္နားအနောက်ရပ်ကွက်ရှိ အခြေခံလက်လုပ်လက်စား ပြည်သူ ၈၀ အား အခြေခံစား သောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ကြက်ဥ၊ ကြက်သွန်၊ ဆား၊ ပဲတို့အား လှူဒါန်းခဲ့သည်။

 

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၏ လှူဒါန်းမှုဖြစ်မြောက်ရေးအတွက် အင်းစိန်မြို့နယ်၏ တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်၊ တိုင်းဒေသကြီး(၂)လွှတ်တော် ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ We Love Insein Volunteers များက ဝိုင်းဝန်း၍ လုပ်အားပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)