ရန်ကုန် ၁၃ အောက်တိုဘာ
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများ စားရေး သောက်ရေး အဆင်ပြေစေရန် ရည်ရွယ်၍ မြို့သစ်(က+ခ)ရပ်ကွက်တွင် အိမ်ထောင်စု (၂၂၂၅)စုအတွက် ကိုဗစ်-၁၉ ကာလအတွင်း ဆန်၊ ကြက်ဥ၊ ကြာဆံများကို ယမန်နေ့ မွန်းလွဲပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။
လှူဒါန်းရာတွင် အင်းစိန်မြို့နယ် မြို့သစ်(က+ခ)ရပ်ကွက် က/၅ လမ်း အမှတ်(၂၉၂)နေ ဒေါ်အေးဟန် မိသားစုမှ မြို့သစ်(က+ခ)ရပ်ကွက်အတွင်း အိမ်ထောင်စု(၂၂၂၅)စုအတွက် ဆန်၊ ကြက်ဥ၊ ကြာဆံများကို လှူဒါန်းရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများက ရပ်ကွက်နေပြည်သူများအား ပေးဝေခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများကို အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


