ရန်ကုန် ၁၄   ဖေဖော်ဝါရီ                    

 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်နှင့် ရွှေပြည်သာ မြို့နယ်များရှိ ပြည်သူများ ညအခါတွင် သွားရေးလာရေး အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ လမ်းမ ကြီးများပေါ်တွင် အလင်းအား ကောင်းမွန်သော LED လမ်းမီးများတပ်ဆင်ပြီးစီးခြင်းကို ဖေဖော်ဝါရီလ အတွင်း ဆောင်ရွက်ခဲ့သည်။

 

23

 

ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်တွင် သီရီမင်္ဂလာလမ်း(ဂျပန်လမ်း)၌ 60W LED လမ်းမီးလုံး (၇၂)လုံး၊ ဘူတာရုံလမ်း၌ 60W LED လမ်းမီးလုံး(၃၃)လုံး၊မင်္ဂလာဒုံမြို့နယ်တွင် အောင်ချမ်းသာလမ်းမကြီး၌ 60W LED လမ်းမီးလုံး(၄၀)လုံး၊ရွှေပြည်သာမြို့နယ်တွင် ဗိုလ်ချုပ်လမ်း၌ 120W LED လမ်းမီးလုံး (၁၂၈)လုံး၊ အမှတ်(၄)လမ်းမကြီး၌ 150W LED လမ်းမီးလုံး(၁၆၉)လုံး၊စက်မှုလမ်း၌ 60W LED လမ်းမီး လုံး(၇၄)လုံး တပ်ဆင်ထားကြောင်း သိရသည်။

 

ဇွဲထက်ကို(အင်းစိန်)