ရန်ကုန်  ၁၄  အောက်တိုဘာ          

 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်ရှိ Quarantine Center (၅)ခုတွင် ပါဝင်ကူညီ ဆောင်ရွက်နေသော ပရဟိတအဖွဲ့များနှင့်လူမှုကူညီရေးအသင်းများသည် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်စေရန် ရည်ရွယ်၍ လူနာတင်ယာဉ်ကား(၁၂)စီးအတွက် တာယာ (၂၄)လုံးကို ယမန်နေ့ နံနက်(၁၀)နာရီက လှူဒါန်းခဲ့ကြောင်း သိရသည်။

 

mdn

 

အင်းစိန်မြို့နယ်၊ Qurantine Center (၅)ခုရှိ   လူနာတင်ယာဉ်ကားများသည် ပိုးတွေ့လူနာ၊ ထိတွေ့လူနာ၊ သံသယလူနာများအား စဉ်ဆက်မပြတ် ခေါ်ယူပို့ဆောင်ပေးလျက်ရှိသော လူနာတင် အရေးပေါ် ကားအတွက် တပ်ဆင်အသုံးပြုနိုင်ရန် WEST LAKE တာယာကုမ္ပဏီမှ တာဝန်ရှိသူများက လှူဒါန်းရာ ပရဟိတအဖွဲ့များ၊ လူမှုကူညီရေးအသင်းများနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင် စကားပြန်လည် ပြောကြားခဲ့သည်။

 

ပရဟိတအဖွဲ့များ၊ လူမှုကူညီရေး အသင်းများသည် အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန့်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ Quarantine Center(၅)ခု၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ပါဝင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)