ရန်ကုန်၊  ၁၇ ဒီဇင်ဘာ  

           

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်၊ တညင်းကုန်းဈေးတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဈေးရောင်းချသူများနှင့် ဈေးဝယ်လာသူများအား နှာခေါင်းစည်း(၂၀၀၀)ကျော်ကို ဒီဇင်ဘာ ၁၆ ရက် မနက်ပိုင်းက   တာဝန်ရှိသူများက အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

           

ထိုသို့ ဖြန့်ဝေရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းသန်း၊ ဈေးတာ ဝန်ခံများနှင့် တာဝန်ရှိသူများက တညင်းကုန်းတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာ ကွယ်နိုင်ရေးအတွက် ဈေးရောင်းချသူများနှင့် ဈေးဝယ်လာသူများအား နှာခေါင်းစည်း(၂၀၀၀) ကျော်ကို အခမဲ့ဖြန့် ဝေပေးခဲ့ပြီး  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ကြရန် စသည့်တို့ကို အသိပညာပေး ဆောင်ရွက်ခဲ့ကြသည်။

 

အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများတွင် နေ့စဉ် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကြိုတင်ကာကွယ်ရေးအတွက် ဖျားနာကုဆေးခန်း(၁)ခုနှင့် ကန့်သတ် စောင့်ကြည့်စင်တာ(၆)ခု ဖွင့်လှစ်ထားရှိပြီး မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ပရဟိတအသင်းစုံမှ Volunteers (၇၀)နှင့် Ambulances (၁၃)စီးဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)