ရန်ကုန် ၆  ဇွန်

ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်ရှိ အခြေခံပညာကျောင်း (၈)ကျောင်းတွင် ယမန်နေ့ နံနက်ပိုင်းက လက်ဆေးဘေစင်များအား ကျောင်း တစ်ကျောင်းလျှင် (၅)ခုနှုန်းဖြင့် တပ်ဆင်လှူဒါန်းခဲ့သည်။

 

ထိုသို့တပ်ဆင်လှူဒါန်းရာတွင် ရန်ကုန်တိုင်းကျန်းမာရေး၊ YRYAC လူငယ်များနှင့် We Love Insein Volunteer Team တို့ ပူးပေါင်းကာ အင်းစိန်မြို့နယ်အတွင်းရှိ အထက်တန်းကျောင်း (၈)ကျောင်းအတွက် လက်ဆေးဘေစင် စုစုပေါင်း (၄၀)စင်အား တပ်ဆင်လှူဒါန်းခဲ့သည်။

 

အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)