ရန်ကုန်   ၁၉  နိုဝင်ဘာ  

 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူများနှင့် ထိတွေ့ ဆက်စပ်ခဲ့သူ (၆၃)ဦးအား Quarantine ဝင်ရောက်ရန် နေအိမ်မှ သွားရောက်ခေါ်ယူ၍ အင်းစိန်(GTI) Quarantine Center(၃) သို့ ယမန်နေ့ ညနေပိုင်းက ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

အင်းစိန်မြို့နယ်အတွင်းတွင် Quarantine Center(၆)ခုအနက် အင်းစိန်(GTI) Quarantine Center(၃)သို့ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူဖြစ်သော အင်းစိန်မြို့နယ်၊ နံ့သာကုန်း ရပ်ကွက်မှ (၁၅)ဦး၊စော်ဘွားကြီးကုန်း ရပ်ကွက်မှ(၁၂)ဦး၊ကြို့ကုန်းအရှေ့ရပ်ကွက်မှ (၉)ဦး၊ တောင်သူ ကုန်းရပ်ကွက်မှ (၉)ဦး၊ရွာမအနောက်ရပ်ကွက်(၆)ဦး၊ဈေးကုန်းအရှေ့ရပ်ကွက်မှ (၆)ဦး၊ ဖော့ကန် ရပ်ကွက်မှ (၃)ဦး၊ရွာမအရှေ့ရပ်ကွက်မှ (၂)ဦး၊အောင်ဆန်းရပ်ကွက်မှ (၁)ဦး စုစုပေါင်း (၆၃)ဦး တို့ကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ကြက်ခြေနီအသင်းခွဲ၊ ပရဟိတအဖွဲ့များနှင့် လူမှုကူညီရေးအသင်းများမှ  တာဝန်ရှိသူများက သက်ဆိုင် ရာ Quarantine Centerသို့ အသီးသီးပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

 

အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)