ရန်ကုန် ၂ ဩဂုတ်
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ကွန်ကရစ်လမ်းခင်းနေသည့် လုပ်ငန်းခွင်များသို့ ယမန်နေ့ မွန်းလွဲ ၁ နာရီက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် အင်းစိန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊ တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းသန်း၊ မြို့နယ်စည်ပင်သာယာ လမ်းတံတားတာဝန်ခံ အင်ဂျင်နီယာ ဦးသန်းဦးနှင့် တာဝန်ရှိသူများသည် မြို့သစ်(က+ခ)ရပ်ကွက်၊ က/၅ လမ်းအား ကွန်ကရစ်လမ်းအသစ် ခင်းနေသည့် လုပ်ငန်းခွင်သို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ တာဝန်ရှိသူများသည် အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းရပ်ကွက်၊ ဗဟိုလမ်းအား ကွန်ကရစ်လမ်းသစ်ခင်းနေသည့် လုပ်ငန်းခွင်သို့ သွားရောက်၍ ပြီးစီးမှုအခြေအနေကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)