ရန်ကုန် ၁၄ ဖေဖော်ဝါရီ
ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊လှိုင်မြစ်လမ်းဝဲယာဆိုင် လုပ်ငန်းများတွင် တပ်ဆင် ထားသော အခွန်ပေးဆောင်ခြင်းမရှိသော ကြော်ငြာဆိုင်းဘုတ်များအား ဖြုတ်သိမ်းခြင်းကို ယမန်နေ့ နေ့လယ်(၁) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊စည်ပင်သာယာရေးကော်မတီမှ လှိုင်မြစ်လမ်းဝဲယာဆိုင် လုပ်ငန်းများတွင် တပ်ဆင်ထားသော ခွင့်ပြုချက်မဲ့နှင့်စည်းကမ်းမဲ့ တပ်ဆင်ထားသော အခွန်ပေး ဆောင်ခြင်းမရှိသော ကြော်ငြာဆိုင်းဘုတ်များ ဖြုတ်သိမ်းခြင်းနှင့် အခွန်ပေးဆောင်ရန် ဆိုင်လုပ်ငန်း များအား ကွင်းဆင်းစစ်ဆေး စည်းကမ်းထိန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)