ရန်ကုန် ၈ အောက်တိုဘာ     

           

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ အမြင့်ပေ(၂၇)ပေရှိ မီးရထားဂုံး ကျော်တံတားပေါ်မှ အမျိုးသားတစ်ဦး ခုန်ချ၍ သေဆုံးမှု အောက်တိုဘာ ၇ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။

           

ဖြစ်စဉ်မှာ အင်းစိန်မြို့မရဲစခန်း၌ ဒုရဲအုပ် ဇော်မင်းဦး တာဝန်မှူး တာဝန်ဆောင်ရွက်နေစဉ် လူတစ်ဦး အင်းစိန်မီးရထား ဂုံးကျော်တံတားပေါ်မှ ခုန်ချ၍ သေဆုံးသွားကြောင်း သိရသဖြင့် ဒုရဲမှူး တင်လတ်၊ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ကိုဇော်လင်းသိန်း ဖြစ်ပြီး အင်းစိန်မြို့နယ်၊ ဈေးကုန်းအရှေ့ရပ်ကွက်၊ အမြင့်(၂၇)ပေရှိ မီးရထားဂုံးကျော်တံတားပေါ်မှ ခုန်ချသဖြင့် ဒဏ်ရာများရရှိ သေဆုံးသွားခြင်း ဖြစ်သည်။

           

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် ဒုရဲ အုပ် ဇော်မင်းဦးမှ တရားလိုပြုလုပ်တိုင်တန်း၍ အင်းစိန်မြို့မရဲစခန်းက အမှုဖွင့်လှစ်ပြီး စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)