ရန်ကုန် ၁၂ မတ်
ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ အန္တရာယ်မဖြစ်ပေါ်စေရန်နှင့် ကောင်းမွန်စွာ သွားလာနိုင်စေရန် ရည်ရွယ်၍ အန္တရာယ်ဖြစ်စေနိုင်သည့် လမ်းများအား ပြုပြင်ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီက အောင်ဆန်းရပ်ကွက်အတွင်း ဆောင်ရွက်ခဲ့သည်။
အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီမှ မြို့နယ်အတွင်း လိုအပ်ချက်များကို ဌာနအလိုက် တာဝန်ခံများနှင့် ညှိနှိုင်းပြီး ပြည်သူများ၏ လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးလျက်ရှိရာ ယခု အောင်ဆန်းရပ်ကွက်ရှိ လမ်းများ၊ လမ်းသစ်လမ်းနှင့် ဘူတာရုံလမ်းများ၌ အန္တရာယ်ဖြစ်စေနိုင်သည့် လမ်းများကို စည်ပင်လမ်းတံတား ဌာနမှ ပြုပြင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)
