ရန်ကုန် ၇ အောက်တိုဘာ
ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့်ကျောင်းသားကျောင်းသူများ အမှိုက်များကို စနစ်တကျစွန့်ပစ်စေရန် ရည်ရွယ်ပြီး Clean Insein မှ မြို့နယ်အတွင်းရှိ ကျောင်းများကို အမှိုက်နှင့်ပတ်သက်သည့် အသိပညာပေး ဟောပြောပွဲများဆောင်ရွက်ရှိရာ ယခု Clean Insein သို့ စာအုပ်များလှူဒါန်းခြင်းကို အောက်တိုဘာလ(၇)ရက်နေ့ နံနက်(၁၁)နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြု ဗဟိုဌာနတွင် လှူဒါန်းခဲ့သည်။
လှူဒါန်းရာတွင် Clean Yangon မှ Clean Inseinသို့ ဇာတ်လမ်းနှင့်ကာတွန်းသရုပ်ဖော် ဒီဇိုင်းခဲတံ၏ အမှိုက်ကလေးပီပီ၏စွန့်စားခရီးစဉ် စာအုပ် ၃၀ဝကို လှူဒါန်းခဲ့ပြီး အင်းစိန် မြို့နယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်နော်လှလှစိုးက လက်ခံရယူခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


