ရန်ကုန် မေ ၁၉

 

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂ဝ၂၆-၂ဝ၂၇ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကို မေ ၁၈ ရက် နံနက်ပိုင်းက ကျင်းပသည်။

 

အဆိုပါ တာဝန်ပေးအပ်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမြင့်က အမှာစကားပြောကြားသည်။

 

ထို့နောက် မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းဆွေက ဒေသန္တရစီမံကိန်း ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး ဒေသန္တရစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများအား လုပ်ငန်းတာဝန်များ ပေးအပ်သည်။ 

 

ထွန်းလင်းကျော် (ပြန်/ဆက်)