ရန်ကုန်  ၂ အောက်တိုဘာ                    

 

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ ခြင်မှတစ်ဆင့် ကူးစက်ရောဂါများမှ ကာကွယ်နိုင်စေရန်၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်စေရန်နှင့် ဆင်ခြေထောက်ရောဂါ ဖြစ်ပွားမှု မရှိစေရန် ရည်ရွယ်၍ ခြင်မှတစ်ဆင့် ကူးစက်ရောဂါများမှ ကာကွယ်နိုင်ရန် ပူးပေါင်း ဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက ဈေးကုန်းအရှေ့ ရပ်ကွက်တွင် ဆောင်ရွက်ခဲ့သည်။

 

 

ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ ပူးပေါင်းပြီး ရပ်ကွက်အတွင်းသို့ ခြင်းဆေးဖျန်း၊ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ထောင်ဆေးစိမ်ခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပြီးနောက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ရပ်ကွက်နေ ပြည်သူများအား ကျန်းမာရေး အသိပညာပေး ပြောကြားခဲ့သည်။

 

 

ဆက်လက်၍ အင်းစိန်မြို့နယ် အတွင်းရှိ ကျန်ရှိနေသော ရပ်ကွက်များကိုလည်း ခြင်မှတဆင့် ကူးစက်ရောဂါများမှ ကာကွယ်နိုင်ရန်အတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

 

ဇွဲထက်ကို(ပြန်/ဆက်)