ရန်ကုန် ၂၄ ဖေဖော်ဝါရီ
ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ အချက်အချာအကျဆုံး နေရာတစ်ခုဖြစ်သော မီးရထားခုံးကျော် တံတားကို အများပြည်သူများ အဆင်ပြေစေရေးနှင့် မော်တော်ယာဉ်များ ပိတ်ဆို့မဖြစ်ပေါ်စေဘဲ သွားလာရေး လွယ်ကူထိရောက်စေရန် ရည်ရွယ်၍ ဂုံးကျော်တံတားလက်တံ တည်ဆောက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဂုံးကျော်တံတားတည်ဆောက်နေမှုများကို အင်းစိန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊ တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်းလုပ်ဆောင်ကြရန်နှင့် လုပ်ငန်းစဉ်များ လုပ်ဆောင်ရာတွင်လည်း အများပြည်သူသွားလာရေးအတွက် အနှောက်အယှက် မဖြစ်ပေါ်အောင် ဂရုစိုက် လုပ်ဆောင်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


