ရန်ကုန် ၁၈ မေ             

ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရန် လိုအပ်သည်များ အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်း ခုရေ (၁၀၀၀၀) လာရောက်လှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အင်းစိန်(GTI) ကန့်သတ်စောင့်ကြည့် စင်တာတွင် လာရောက် လှူဒါန်းခဲ့သည်။

 

လှူဒါန်းရာတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် လိုအပ်သည့် နေရာများ သုံးစွဲနိုင်ရန်အတွက် တရုတ်နိုင်ငံ ဖန်းဟွာဂရု(ပ်)ကုမ္ပဏီ (China Panhua Group) Co.Ltd မှ MD ဦးအောင်ကျော်မိုးနှင့် တာဝန်ရှိသူများက နှာခေါင်းစည်း ခုရေ ၁၀၀၀၀ ကို လာရောက်လှူဒါန်းရာ အင်းစိန်မြို့နယ်၊ Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးကော်မတီမှ တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်၊ တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိန်ဝင်း၊ မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာ နော်သန္တာဆွေ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းနိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းကြည်၊ We Love Insein Volunteers များနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ရာ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

 

အင်းစိန်မြို့နယ်၊ Coronavirus Disease 2019 (COVID-19) ရောဂါကာကွယ် ထိန်းချုပ်၊ ကုသရေးကော်မတီမှ ရောဂါကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)