ရန်ကုန် ၅ ဧပြီ
ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရန် လိုအပ်သည်များ အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ငွေကျပ် သိန်း (၅၀) လာရောက်လှူဒါန်းခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က အင်းစိန်(GTI) Quarantine Center တွင် လာရောက်လှူဒါန်းခဲ့သည်။
လှူဒါန်းရာတွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် လိုအပ်သည့် နေရာများ သုံးစွဲနိုင်ရန်အတွက် အင်းစိန်စက်မှုဇုန်(၂/၃/၄/)မှ ဉက္ကဋ္ဌ ဒေါက်တာထင်ကျော်ဦးနှင့် အတွင်းရေးမှူး ဦးသန်းစိုးတို့မှ ငွေကျပ်သိန်း ၅၀ ကို လာရောက်လှူဒါန်းရာ အင်းစိန်မြို့နယ်၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်၊ ကုသရေး ကော်မတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊ တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစိန်ဝင်း၊မြို့နယ်စည်ပင်သာယာရေး ကော်မတီဉက္ကဋ္ဌ ဦးသိန်းသန်း၊အတွင်းရေးမှူး EO ဦးဝင်းနိုင် ၊မြို့နယ်ကြက်ခြေနီ အသင်းခွဲ၊ Super Sunday ပရဟိတလူငယ်များနှင့် တာဝန်ရှိသူ များက လက်ခံရယူခဲ့သည်။
အင်းစိန်မြို့နယ်၊ Coronavirus Disease 2019 (ကိုဗစ်-၁၉)ရောဂါကာကွယ် ထိန်းချုပ်၊ ကုသရေး ကော်မတီမှ ရောဂါကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


