ရန်ကုန် ၁ အောက်တိုဘာ
ရန်ကုန်တိုင်ဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများအား ဒုတိယအကြိမ်အဖြစ် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာ ၁ ရက်မှ ၁၄ ရက်နေ့အထိ ကပ်ထားကြေညာ ထားမည်ဖြစ်ကြောင်း သိရသည်။
အင်းစိန်မြို့နယ်အတွင်း ရပ်ကွက်ပေါင်း(၂၁)ရပ်ကွက်၌ ပြုစုထားသော မဲစာရင်းအရ မဲဆန္ဒရှင် အမျိုးသားနှင့် အမျိုးသမီးဦးရေ စုစုပေါင်း (၂)သိန်းကျော်ရှိပြီး မဲပေးနိုင်ရေးအတွက် မဲရုံပေါင်း(၁၈၈)ရုံဖြင့် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
မဲစာရင်းများကို လာရောက်ကြည့်ရှုရာတွင်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်းများ တပ်ဆင်ခြင်း၊ လက်ဆေးဘေစင်များ ထားရှိပေးခြင်း၊ လက်သန့်ဆေးရည်များ ထားရှိပေးခြင်းတို့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)