အင်းစိန်မြို့နယ်၌ မိုးမကျခင် မြေထိန်းနံရံ ကြိုတင်ပြင်ဆင်နေမှု  လုပ်ငန်းခွင်အား သွားရောက်ကြည့်ရှုစစ်ဆေး

ရန်ကုန်   ၇   မေ

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ရေစီးရေလာကောင်းမွန်စေရန်၊ ခြင်များပေါက်ပွားမှု မရှိစေရန်နှင့် ရေမြောင်းအတွင်း အမှိုက်များပိတ်ဆို့မှု မရှိစေရန် ရည်ရွယ်၍ မိုးမကျခင် ကြိုတင် ပြင်ဆင်နေမှု မြေထိန်းနံရံလုပ်ငန်းခွင်အား ယနေ့ နံနက် ၁၀ နာရီက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

 

အင်းစိန်မြို့နယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးနှင့် တာဝန်ရှိသူများသည် မြို့နယ်ပြည်သူများ၏ ကျန်းမာရေးအတွက် Coronavirus Disease 2019 (ကိုဗစ်-၁၉)ရောဂါ ကာကွယ် ထိန်းချုပ်၊ ကုသရေးကော်မတီမှ တာဝန်ရှိသူများအနေဖြင့် မနားမနေ လုပ်ဆောင်နေသကဲ့သို့ မြို့နယ်၏ ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း အမြဲမပြတ် ဆောင်ရွက်လျက်ရှိသည်။

 

မိုးမကျခင် ကြိုတင်ပြင်ဆင်နေမှု မြေထိန်းနံရံလုပ်ငန်းခွင်အား သွားရောက်ကြည့်ရှုစစ်ဆေးရာသို့ အင်းစိန်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးနှင့် တာဝန်ရှိသူများက အောင်ဆန်းရပ်ကွက်၊ ပေ(၁၈၀၀)အရှည်ရှိ ရိုးချောင်းမြေထိန်းနံရံပြုလုပ်ခြင်း လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ယူလုပ်ဆောင်နေသော ခရိုင်ရေစီးရေလာတာဝန်ခံ အင်ဂျင်နီယာမှ ပြီးစီးမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။

 

အင်းစိန်မြို့နယ်၊ Coronavirus Disease 2019 (ကိုဗစ်-၁၉)ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးကော်မတီမှ ရောဂါကာကွယ်ရေးလုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)