ရန်ကုန် ၂၈ ဇွန်

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေစီးရေလာကောင်းမွန်စေရန်၊ ရေမြောင်းအတွင်း အမှိုက်များ ပိတ်ဆို့မှုမရှိစေရန်နှင့် ခြင်များ ပေါက်ဖွားမှုမရှိစေရန် ရည်ရွယ်၍ မိုးရာသီကာလတွင် ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဉက္ကဋ္ဌ ဦးသိန်းသန်း၊ အတွင်းရေးမှူး EO ဦးဝင်းနိုင်၊ လက်ထောက်အုပ်ချုပ်ရေးမှူး ဦးကျော်သူဟန်နှင့် တာဝန်ရှိသူများသည် နံ့သာကုန်းရပ်ကွက်၊ နံ့သာကုန်းလမ်းအတွင်း ရေမြောင်းများ ဆယ်ယူရှင်းလင်းလျက်ရှိသော EO ရုံးမြောင်းရှင်း ပတ်ဝန်းကျင်သန့်ရှင်းလုပ်သားများထံသို့ လည်းကောင်း၊ ဆက်လက်၍ တောင်သူကုန်းရပ်ကွက်အတွင်းမှ ဖြတ်သန်းစီးဆင်းသော ကသွယ်ချောင်းအတွင်း မြို့နယ်ရေစီးရေလာမှ AE ဦးဟန်ကျင် တာဝန်ယူတည်ဆောက်လျက်ရှိသော မြေထိန်းနံရံလုပ်ငန်းခွင်သို့ လည်းကောင်း သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

 

ဆက်လက်၍ တာဝန်ရှိသူများသည် ခရိုင်ရေစီးရေလာဌာနမှ AE ဦးသန်းထွန်း တာဝန်ယူဆောင်ရွက်နေသော အနောက်ကြို့ကုန်းရပ်ကွက်၊ ဗဟိုလမ်း အရှေ့ဘက်ခြမ်း အုတ်ရေမြောင်းနှင့် မြောင်းဖုံးလုပ်ငန်းခွင်သို့ သွားရောက်၍ လုပ်ငန်းပြီးစီးမှုနှင့် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)