ရန်ကုန် ၂ ဇွန်        


ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်၊ ဗောဓိလမ်း၊ အမှတ်(၁၄၇)ရှိ နှစ်ထပ်(၄)ခန်းတွဲ၊ (၁၂)ပေအကွက် အစွန်းဆုံးဘေးအလယ်ပွင့်ထွက် ပြိုကျမှုကို ယမန်နေ့ ညနေ (၅)နာရီအချိန်ခန့်က ပြိုကျခဲ့သည်။


အဆိုပါနှစ်ထပ်တိုက်သည် နှစ်ပေါင်း(၈၀)ကျော် ကြာမြင့်နေဖြစ်ပြီး သတိပေးဆောင်ဖြစ် သတ်မှတ်ထားရှိပြီး တိုက်ခန်းတွင် လူဦးရေစုစုပေါင်း(၁၄)ဦးခန့်ရှိရာ ပြိုကျသည့်နေရာတွင် လူမနေကြောင်း၊ ပြိုကျမှု ဖြစ်စဉ်တွင် လူထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်းနှင့် အပျက်အစီးများကို ဖယ်ရှား ရှင်းလင်းလျက်ရှိသည်။


ဖြစ်ပွားရာသို့ အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်(၁) ဦးလင်းအောင်ဟိန်း (ခ)ဦးလှိုင်မင်း၊ လက်ထောက်အုပ်ချုပ်ရေးမှူး ဦးဒီပါကျော်ဇောဝင်း၊ ဆောက်လုပ်ရေးယာ/အုံ ဌာန ဒုတိယ တာဝန်ခံ ဒေါ်မေမျိုးဇော်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကူညီကယ်ဆယ်ရေးနှင့် အပျက်အစီးများကို ရှင်းလင်းခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ဇွဲထက်ကို(ပြန်/ဆက်)