ရန်ကုန် ၁၆ မတ်
ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ မြို့သစ်(ဂ)ရပ်ကွက်၊ အမြင်သစ်စာကြည့်တိုက်၌ ကျောင်းသားကျောင်းသူများ အတတ်ပညာတစ်ခုရရှိစေရန်နှင့် ရောင်စုံရသများ ခံစားတတ်စေရန် ရည်ရွယ်၍ နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသားကျောင်းသူများအတွက် အခမဲ့ ပန်းချီသင်တန်းကို အမြင်သစ်စာကြည့်တိုက်တွင် ဖွင့်လှစ်လျက်ရှိသည်။
အဆိုပါသင်တန်းကို မတ်လ(၁၁)ရက်နေ့မှ ဧပြီလ(၁၁)ရက်နေ့အထိ၊နံနက်(၈)နာရီ အချိန်မှ (၁၀)နာရီ အချိန်အထိ၊နံနက်(၁၀)နာရီအချိန်မှ နေ့လယ်(၁၂)နာရီအချိန်အထိ တန်းခွဲ(၂)ခုဖြင့် တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းဆရာအဖြစ် ဆရာဦးကြင်မောင် (ပန်းချီဗိုလ်ကြင်)က စာတွေ့လက်တွေ့ သင်ကြားပေးပို့ချပေးသွားမည်ဖြစ်ရာ အဆိုပါသင်တန်းသို့ သင်တန်းသားသင်တန်းသူ(၆၀) ဖြင့် ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)
