ရန်ကုန် နိုဝင်ဘာ ၂၂

           

ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ ရေလုပ်သားများ ပင်လယ်ပြင်တွင် ကြုံရမည့် အခက်အခဲများ ဖြေရှင်းနိုင်ရန်နှင့် လုပ်ငန်းခွင် အရည်အသွေး တိုးတက်လာစေရန် ရည်ရွယ်၍ ပင်လယ်ငါးဖမ်းရေလုပ်သားများအတွက် အခြေခံလုပ်ငန်းကျွမ်းကျင်မှု သင်တန်း(၄/၂၀၂၁)ကို ယနေ့နံနက်(၈)နာရီက အင်းစိန်မြို့နယ်၊ကြို့ကုန်းရှိ ငါးလုပ်ငန်း အတတ်သင် သိပ္ပံ(ကြို့ကုန်း)၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

                       

သင်တန်းကို သင်တန်းသား ရေလုပ်သား(၃၀)ဖြင့် တစ်ရက်တာ သင်ကြားပို့ချ သွားမည် ဖြစ်ပြီး သင်တန်းတွင် ပင်လယ်ငါးဖမ်း ရေလုပ်သားများအတွက် လုပ်ငန်းခွင်အတွင်း ထိခိုက်မှု မရှိစေရေး၊ လုပ်ငန်းခွင် ကျန်းမာရေးနှင့် အသက်အန္တရာယ် ကင်းရှင်းစေရေး၊ မြန်မာ့ ပင်လယ်ငါးလုပ်ငန်း ဉပဒေဆိုင်ရာ သိကောင်းစရာများ၊ ရေယာဉ် စောင့်ကြည့်ထိန်းချုပ်ရေး ကိရိယာနှင့် ပတ်သက်သည့် ညွှန်ကြားချက်များ၊ ဆိပ်ကမ်းအကြောင်း၊ မီးဘေးကြိုတင် ကာကွယ်ရေး၊ ရှေးဦးပြုစုခြင်း၊ငါး/ပုဇွန်များ ကိုင်တွယ်ခြင်း၊ အရည်အသွေး ထိန်းသိမ်းခြင်းနှင့် ရေကြောင်းပညာပေးဆိုင်ရာ သိကောင်းစရာများ စသည်တို့ကို ကျွမ်းကျင်ပညာရှင်များက သင်ကြားဆွေးနွေး ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)