ရန်ကုန်  ဒီဇင်ဘာ   ၃

 

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရန်၊ ဖွံ့ဖြိုးတိုးတက်စေရန်၊ ရေစီးရေလာ ကောင်းမွန်စေရန်နှင့် ရေမြောင်းများ ပိတ်ဆို့မှုကြောင့် ခြင်များပေါက်ဖွားမှုမရှိစေရန် ရည်ရွယ်၍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို ယနေ့ နံနက် ၈ နာရီက ဆောင်ရွက်ခဲ့သည်။

 

ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်၏ ကြီးကြပ်မှုဖြင့် ဇင်ဇီယာလမ်း သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ အောက်မင်္ဂလာဒုံလမ်း ဝဲ/ယာရှိ မြက်များ၊ ခြုံနွယ်များ ရှင်းခြင်း၊ မဟာသုခိတာလမ်းတွင် ရေမြောင်းရှင်းခြင်းတို့ကို မြို့နယ်စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)