ရန်ကုန် ၂၈  ဇန်နဝါရီ   

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ရပ်ကွက်နေပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန်အတွက် ရည်ရွယ်ပြီး ပိန္နဲကုန်းရပ်ကွက်၊ ကြေးတိုင်စု (၂) လမ်း၊ အရှည်ပေ (၈၁၀) ၊ အကျယ် (၁၄)  ပေနှင့် ထုအမြင့် (၆) လက်မရှိ ကွန်ကရိလမ်းအသစ် ဖွင့်ပွဲကို ဇန်နဝါရီ (၂၆) ရက် နံနက်(၁၀)နာရီက ပိန္နဲကုန်းရပ်ကွက်၊ ကြေးတိုင်စု(၂)လမ်းတွင် ကျင်းပခဲ့သည်။

 

အင်းစိန်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက အမှာစကားပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးကော်မတီ ဉက္ကဋ္ဌ ဦးသိန်းသန်းမှ လမ်းခင်းရာတွင် ကူညီပေးခဲ့သော လမ်းသူ၊ လမ်းသားများနှင့် စနစ်တကျဖြင့် ဆောင်ရွက်ပေးခဲ့သော လမ်းတံတားမှ တာဝန်ရှိသူများအား ကျေးဇူးတင်စကားပြောကြားခဲ့သည်။

 

mdn

 

ယင်းနောက် ရပ်မိရပ်ဖတစ်ဦးက ဤလမ်းဖြစ်မြောက်အောင် ပံ့ပိုးကူညီခဲ့သော လွှတ်တော်ကိုယ်စား လှယ်များနှင့် တာဝန်ရှိသူများအား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

 

mdn

           

ထို့နောက် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အဆိုပါလမ်းအား လှည့်လည် ကြည့်ရှုခဲ့ကြသည်။ အခမ်းအနားသို့ အင်းစိန်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊ တိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်၊ တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိန်ဝင်း၊ မြို့နယ်စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ မြို့နယ်စည်ပင် သာယာရေးကော်မတီ လမ်းတံတား(တာဝန်ခံ) အင်ဂျင်နီယာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)