mdn

ရန်ကုန်     ၂၁  အောက်တိုဘာ

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ အန္တရာယ်မဖြစ်ပေါ်စေရန်နှင့် ကောင်းမွန်စွာ သွားလာနိုင်စေရန် ရည်ရွယ်၍ ရေမြောင်းပိတ်ဆို့မှုများ မရှိစေရန် မြေသားမြောင်း တူးဖော်ခြင်း ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ပိန္နဲကုန်းရပ်ကွက်ရှိ သရက်ခြံလမ်းတွင် ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ပိန္နဲကုန်းရပ်ကွက်၊ သရက်ခြံလမ်းမပေါ်တွင် ရေကျော်စီးမှုကြောင့် လမ်းပျက်စီးမှု လျော့ပါးသက်သာစေရန် မြေသားမြောင်း တူးဖော်ခြင်း၊ မြောင်းဖော်မှုနေရာများတွင် သစ်ပင်များ ရှင်းလင်းခြင်း၊ ပိတ်ဆို့နေသော လမ်းဖြတ်မြောင်း တူးဖော်ခြင်းတို့ကို ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

 

အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီမှ မြို့နယ်အတွင်း လိုအပ်ချက်များကို ဌာနအလိုက် တာဝန်ခံများနှင့်ညှိနှိုင်းပြီး စုပေါင်းအားဖြင့် ပြည်သူများ၏ အမှန်တကယ် လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ဇွဲထက်ကို(အင်းစိန်)