ရန်ကုန် ဇန်နဝါရီ ၂၇
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၌ ဇီဝဆိုင်ရာ အချက် အလက်ကောက်ယူခြင်း၊ Unique ID ထုတ်ပေးခြင်း လုပ်ငန်းနှင့် သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းများကို ဇန်နဝါရီ ၂၆ ရက်က အင်းစိန်မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများက အဖွဲ့များခွဲ၍ ဆောင်ရွက်လျက်ရှိရာ ခရိုင်လဝကဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဆွေက အနီးကပ်ကြီးကြပ် ဆောင်ရွက်ခဲ့သည်။
အဆိုပါ လုပ်ငန်းများအား အင်းစိန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် လဝက ဦးစီးမှူးနှင့် လဝက ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ဉာဏ်ဟိန်း