ရန်ကုန်     ဇူလိုင် ၈

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ် ဘုရင့်နောင်လမ်းမပေါ် ပေါက်တောဝအနီး၌ YBS 40 စီးနင်းလာသူ အမျိုးသမီးတစ်ဦး ကားပေါ်တွင် သေဆုံးနေသဖြင့် တာဝန်ရှိသူများက ဇူလိုင် ၇ ရက် နံနက်ပိုင်းက ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ YBS 40 စီးနင်းလာသူ အမျိုးသမီးတစ်ဦး ကားပေါ်တွင် သေဆုံးနေကြောင်း အကြောင်းကြားလာသဖြင့် အင်းစိန်မြို့နယ်၊ ကြက်ခြေနီအသင်း၊ စိန်ရတနာ နာရေးကူညီမှုအသင်းနှင့် တာဝန်ရှိသူများက အဆိုပါဖြစ်ပွားရာနေရာသို့ အချိန်နှင့်တစ်ပြေးညီ သွားရောက်၍ စနစ်တကျထုတ်ပိုး ဆေးဖျန်းပြီး စိန်ရတနာ နာရေးကူညီမှုအသင်း နိဗ္ဗာန်ယာဉ်ဖြင့် အင်းစိန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် YBS 40 ကား အတွင်း၊ အပြင် ဆေးဖျန်းခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)

mdn