ရန်ကုန် ဇန်နဝါရီ      

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ အောင်မင်္ဂလာ (၂)လမ်း၊ အောင်မင်္ဂလာသီရိ ဆွမ်းလောင်းအသင်း ဓမ္မာရုံ၌ ဇန်နဝါရီ ၄ ရက် နံနက် ၃ နာရီ ၁၀ မိနစ်ခန့်က  မီးကြွင်းမီးကျန်မှ မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

မီးလောင်မှုမှာ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ အောင်မင်္ဂလာ(၂)လမ်း၊ အောင်မင်္ဂလာသီရိ ဆွမ်းလောင်းအသင်း ဓမ္မာရုံ၌ လုပ်အားပေး ဆောင်ရွက်သူ ဒေါ်ရည်မွန်၊ (၆၁)နှစ်၊ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ အောင်မင်္ဂလာ(၂)လမ်းနေသူသည် လွတ်လပ်ရေးနေ့တွင် ကျွေးမွေးရန် အတွက် ဇန်နဝါရီ ၃ ရက် ည ၇ နာရီက ထင်းမီးဖြင့် ဆန်ပြုတ်ပြုတ်ခဲ့ပြီး ည ၉ နာရီခွဲတွင် ဓမ္မာရုံတံခါးပိတ်ပြီး သော့ခတ်ခဲ့သဖြင့် မီးကြွင်းမီးကျန်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ဓမ္မာရုံနှင့်ကပ်လျက်ရှိ ဦးကျော်စိုးဝင်း အောင်မင်္ဂလာ(၂)လမ်းနေသူ ပျဉ်ထောင်သွပ်မိုးအိမ်တစ်ဝက်၊ ဦးထွန်းမြင့်၏ မျက်နှာကြက်တို့အား မီးကူးစက်လောင်ကျွမ်းခဲ့ပြီး အဆိုပါမီးလောင်မှု ဖြစ်ပွားရာနေရာသို့ ရန်ကုန်မြောက်ပိုင်းခရိုင်၊ မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်(၈၂)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၃၈)ဦး၊ မီးငြှိမ်းသတ်ယာဉ် (၁၀)စီး၊ ရေသယ်ယာဉ်(၃)စီးနှင့် ရပ် ကွက်နေ ပြည်သူများမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၃၅ မိနစ်တွင်   မီးထိန်းနိုင်ခဲ့ပြီး နံနက် ၃ နာရီ မိနစ် ၄၀ တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)