ရန်ကုန် ၁၃   မတ်                   

 

အင်းစိန်မြို့နယ်အတွင်းရှိ စာစစ်ဌာန(၁၁)ခုတွင် စာဖြေကျောင်းသားကျောင်းသူများအား ကျန်းမာရေး စောက်ရှောက်မှုကို အင်းစိန်မြို့နယ်၊ကြက်ခြေနီတပ်ဖွဲ့မှူး ဦးနီထွန်း ဦးဆောင်၍ ကြက်ခြေနီတပ်ဖွဲ့ဝင် များနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု စောက်ရှောက်နေကြောင်း သိရသည်။

 

စာစစ်ဌာနများရှိ ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံ၍ လိုအပ်သည့်အကူညီများပေးခြင်း၊အရေးပေါ် လူနာတင်ယာဉ်များကိုလည်း အဆင်သင့် ဆောင်ရွက်ထားကြောင်း သိရသည်။

 

မျိုးသန့်(အင်းစိန်)