ရန်ကုန် ၂၈ မေ
ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်စိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေကြီးရေလျှံ့မှုများ မဖြစ်စေရန်၊ အမှိုက်များပိတ်ဆို့မှု မရှိစေရန်နှင့် ခြင်များ ပေါက်ဖွားမှု မရှိစေရန် ရည်ရွယ်၍ ကန်ဦးချောင်း(ရိုးချောင်း) မြေထိန်းနံရံတည်ဆောက်မှု (၉၀)ရာခိုင်နှုန်းပြီးစီးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က တာဝန်ရှိသူများက သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းသန်းနှင့်တာဝန်ရှိသူများသည် အောင်ဆန်းရပ်ကွက်၊ ရွာသစ်အနောက်၊ ကန်ဦးချောင်း(ရိုးချောင်း)အတွင်း AE ဦးသန်းထွန်း တာဝန်ယူ တည်ဆောက်လျက်ရှိသည့် မြေထိန်းနံရံလုပ်ငန်း(၉၀)ရာခိုင်နှုန်း ပြီးစီးမှု အခြေအနေနှင့် ဆက်လက် ဆောင်ရွက်နေသော လုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


