နေပြည်တော် ၂၁ နိုဝင်ဘာ
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် ကမ်းနားအနောက်ရပ်ကွက်ရှိ "နန်းထိုက်" ရေခဲစက်ရုံ၌ နိုဝင်ဘာ ၁၉ ရက်က သတ္တုအိုး(ဆီစစ်အိုး) ပေါက်ကွဲမှုဖြစ်ပွားပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၉ ရက် ည ၆ နာရီ ၁၅ မိနစ်တွင် အင်းစိန်မြို့နယ် ကမ်းနားအလယ်ရပ်ကွက်နေ ဦးကိုကိုနိုင် (၄၇)နှစ် ပိုင်ဆိုင်သော ကမ်းနားအနောက်ရပ်ကွက်ရှိ "နန်းထိုက်" ရေခဲစက်ရုံ၌ ရေခဲစက်အသုံးပြုနေစဉ် ၎င်းရေခဲစက်နှင့် ဆက်သွယ်အသုံးပြုသည့် အရှည် ၅ ပေ၊ အချင်း ၁ ပေခွဲခန့် သတ္တုအိုး(ဆီစစ်အိုး)မှာ အပူလွန်ကဲရာမှတစ်ဆင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် စက်ရုံလုပ်သားဖြစ်သူ ကမ်းနားအနောက်ရပ်ကွက်နေ အောင်ထက် (၁၇)နှစ်ပါ ၈ ဦးတို့တွင် ခန္ဓာကိုယ် အပူလောင်ဒဏ်ရာများ ရရှိခဲ့သဖြင့် အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသပေးခဲ့ကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်ရှိသူ စက်ရုံမန်နေဂျာ ကျော်စိုးဟန် (၂၉)နှစ်အား အင်းစိန်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား