ရန်ကုန် ၂၉ မတ်

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ COVID-19 ရောဂါ စောင့်ကြည့်မည့်သူများ ထားရှိနိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှုခြင်းကို ယနေ့ နံနက်(၁၀)နာရီက ပြုလုပ်ခဲ့သည်။

 

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်နော်လှလှစိုး၊ တိုင်းဒေသကြီး (၁)လွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်၊ တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊ အင်းစိန်ဆေးရုံ လက်ထောက်ဆေးရုံအုပ်၊ မြို့နယ် လ.ဝ.က ဦးစီးမှူး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး၊ မြို့နယ် မီးသတ်စခန်းမှူးနှင့် တာဝန်ရှိသူများက COVID-19 ရောဂါ စောင့်ကြည့်မည့်သူများထားရှိမည့် အင်းစိန်မြို့နယ်၊ စက်မှုလက်မှုသိပ္ပံကျောင်း (GTI)၊ ဉတ္တရဆောင်ကို ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

ဇွဲထက်ကို(ပြန်/ဆက်)