အင်းစိန်မြို့နယ်တွင် တက္ကသိုလ်ဝင် ကျောင်းသား/သူ (၅၆၉၁)ဦး၊ စာစစ်ဌာန (၁၂)ခု၌ တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက်ဖြေဆိုမည်

ရန်ကုန် ၂ မတ်

 

အင်းစိန်မြို့နယ်တွင် တက္ကသိုလ်ဝင် ကျောင်းသား/သူ (၅၆၉၁)ဦး၊ စာစစ်ဌာန (၁၂)ခု၌ (၂၀၁၇-၂၀၁၈) ပညာသင်နှစ်အတွက် မတ် ၇ ရက်တွင် စတင်ကျင်းပမည့် တက္ကသိုလ်ဝင် စာမေးပွဲသို့ ဝင်ရောက် ဖြေဆိုကြမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

“မတ်(၇)ရက်မှ (၁၆)ရက်ထိ ကျင်းပမည့် (၂၀၁၇-၂၀၁၈)ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ကျောင်းသား/သူ စုစုပေါင်း (၅၆၉၁)ဦး၊ စာစစ်ဌာန (၁၂)ခု၌ ဖြေဆိုကြမှာဖြစ်ပါတယ်။ ယခင်နှစ်က (၅၅၆၀)ဦး ဖြေဆိုခဲ့ပြီး ယခုနှစ်တွင် ဖြေဆိုမည့်သူ (၁၅၁)ဦး၊ တိုးပြီး ဖြေဆိုမှာပါ။ ကျောင်းသား/သူများ အေးချမ်းလုံခြုံစွာ ဖြေဆိုနိုင်ရေးအတွက် စာမေးပွဲလုံခြုံရေးစီမံချက် ရေးဆွဲထားပြီးဖြစ်ကြောင်း အင်းစိန်ဗဟိုအကျဉ်းထောင်ကြီး ဝင်းအတွင်းရှိ အလက(၁၃) စာစစ်ဌာန၌ အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား ကျောင်းသား/သူ (၃၄)ဦးတို့လည်း ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်းနှင့် အလက(၁၁) စာစ်ဌာနကို ယာယီစာစစ်ဌာန သီးသန့်တစ်ခုကို ဖွင့်လှစ်ထားရှိသွားပါမည်ဟု မြို့နယ်ပညာရေးမှူး ဦးကျော်ဦးက ပြောကြားသည်။ထို့အပြင် မသန်မစွမ်း မျက်မမြင် ကျောင်းသား/သူ (၁၀)ဦးတို့သည် သတ်မှတ် စာစစ်ဌာနများ၌ ဖြေဆိုကြမှာဖြစ်ပြီး  ၄င်းကျောင်းသား/သူများအတွက် အထောက်အကူပြု ကူညီကြမည့် နဝမတန်း ကျောင်းသား/သူများနှင့်အတူ တက္ကသိုလ်ဝင် စာမေးပွဲကို ဝင်ရောက် ဖြေဆိုကြမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

 

မြင့်ဦး (အင်းစိန်)