၂၂ ဇန်နဝါရီ
အင်ဒိုနီးရှား နိုင်ငံအလယ်ပိုင်း နူဆာတမ်ဂါရာ ကမ်းလွန် ပင်လယ်ကြမ်းပြင် ရေတိမ်ပိုင်းတွင် အင်္ဂါနေ့က ရစ်ချတ်စကေး ၆ ဒသမ ၇ ပမာဏ အတိုင်းအတာရှိ ငလျင်လှုပ်ခတ်သွားသော်လည်း ဆူနာမီ သတိပေးချက် ထုတ်ပြန်ခြင်းမရှိကြောင်းနှင့် ကနဦးထုတ်ပြန်အရ ပျက်စီးဆုံးရှုံးမှုမရှိကြောင်း မိုးလေဝသနှင့် ဘူမိရူပ အဖွဲ့က ပြောကြားခဲ့သည်။
နူဆာတမ်ဂါရာ ကမ်းလွန် တွင် ပြင်းအား၆ ဒသမ ၂ ပမာဏ ငလျင်လှုပ်ခတ်ခဲ့ပြီး ပြင်းအား ၅ ဒသမ ၂ ပမာဏရှိ ငလျင်နှစ်ခု ဆက်ကာဆက်ကာ လှုပ်ခတ်ခဲ့ကာ ယနေ့မနက်စောပိုင်း က လှုပ်ခတ်ခဲ့သောငလျင်ကို အားပြင်း ငလျင်အမျိုးအစားအဖြစ် သတ်မှတ်ခဲ့ကြောင်း မိုးလေဝသ နှင့် ဘူမိရူပ အဖွဲ့ တာဝန်ခံအရာရှိ ပရီယို ဘူဒီ က သတင်းထောက်များကို ပြောကြားခဲ့သည်။
ဘာလီ အပန်းဖြေစခန်းကျွန်းနှင့် နူဆာတမ်ဂါရာ အနောက်ပိုင်းအနီးအနားတွင် အဓိကလှုပ်ခတ်ခဲ့သဖြင့် ထိတ်လန့်မိသည်ဟု ၎င်းကဆိုသည်။
ယနေ့မနက်ပိုင်း လှုပ်ခတ်ခဲ့သော ငလျင်သည် နူဆာတမ်ဂါရာ အရှေ့ပိုင်း ဆမ်ဘာ ဘာရတ် ခရိုင် အနောက်တောင်ပိုင်း ၁၂၀ ကီလိုမီတာအကွာတွင် ငလျင်ဗဟိုချက် ဖြစ်ပြီး ပင်လယ်ကြမ်းပြင်အောက်အနက် ၁၀ ကီလိုမီတာ၌ ည ၁၂ နာရီ ၁၀မိနစ်က လှုပ်ခတ်ခဲ့ကြောင်း ဘူဒီ က ပြောကြားခဲ့သည်။
အဆိုပါငလျင်သည် ယခုချိန်ထိ ဆူနာမီ ဖြစ်နိုင်ခြေ မရှိကြောင်း ငလျင်လေ့လာစောင့်ကြည့်ရေးအဖွဲ့ တာဝန်ရှိသူက ဆိုသည်။
ကိုးကား ဆင်ဟွာ
ဘာသာပြန် မြင့်မြင့်ချို