၃၀ ဧပြီ

အင်ဒိုနီးရှားနိုင်ငံတွင် ၎င်း၏မြို့တော်ကို ဂျကာတာ မှ ဂျာဗားကျွန်းအပြင်ဘက် နေရာသစ်တစ်ခုသို့ ပြောင်းရွှေ့ရန် စီစဉ်ထားကြောင်း သိရသည်။

ယမန်နေ့က ကျင်းပခဲ့သော ဝန်ကြီးအဖွဲ့အစည်းအဝေး၌ အဆိုပါ မြို့တော်နေရာသစ်သို့ပြောင်းရွှေ့မည့် အစီအစဉ်ကို အစိုးရအဖွဲ့က ဆုံးဖြတ်ချက်ချခဲ့ကြကြောင်း  ဖော်ပြထားသည်။

မြို့တော်သစ်နေရာပြောင်းရွှေ့ခြင်းကို ၁၀ နှစ်ခန့်အချိန်ယူဆောင်ရွက်ရမည်ဟု အကြမ်းဖျဉ်းခန့်မှန်းထားကြောင်းနှင့် အခြေခံငွေကြေးထောက်ပံ့မှုအစီအစဉ် ဖွံ့ဖြိုးတိုးတက်ရေး နှင့် မြို့တော်သစ်ပြောင်းရွှေ့ရေးအတွက်နေရာ ရွေးချယ်မည် ဖြစ်ကြောင်း သိရသည်။

အစိုးရအဖွဲ့ က ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုးလျော့ပါးရေးကူညီရန် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုရရှိရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

 

mdn

 

အစိုးရအဖွဲ့က ဂျကာတာ နှင့် ဆုရဘယ မြို့ကြီးများရှိသည့် ဂျာဗား ကျွန်းအပြင်ဘက်သို့ ပြောင်းရွှေ့ရန် စီစဉ်ထားကြောင်းနှင့် ဂျကာတာတွင် လူဦးရေ ၁၀ သန်းကျော်ရှိပြီး မြို့တော်နယ်နိမိတ်အတွင်း နေထိုင်သူ သန်း၃၀ ကျော်ရှိကြောင်း သိရသည်။

အစိုးရအဖွဲ့က ဗဟိုဘဏ် နှင့် စီးပွားရေးနှင့် ဆက်စပ်သည့် အစိုးရလုပ်ငန်း အချို့ကို မြို့တော် ဂျကာတာတွင် ထားရှိရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။

ယင်းမြို့တော်နေရာ ပြောင်းရွှေ့မည့် စီမံချက် ကို လွှတ်တော်၏ ခွင့်ပြုချက် လိုအပ်မည် ဖြစ်ကြောင်းနှင့် သမ္မတ ဂျိုကိုဝီဒိုဒို သည် ယခုလအစောပိုင်းက ကျင်းပခဲ့သော သမ္မတရွေးကောက်ပွဲတွင် နောက်ထပ်ငါးနှစ်သက်တမ်း အနိုင်ရဖွယ်ဖြစ်ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြထားသည်။

ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို

 

mdn