ဂျကာတာ   မေ   ၁၀

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့နှင့် ယိုယာကာတာမြို့များတွင် ဟန်တာဗိုင်းရပ်စ်ကူးစက်ခံရသူနှစ်ဦးကို တွေ့ရှိခဲ့ရကြောင်း အင်ဒိုနီးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

ဗိုင်းရပ်စ်ကူးစက်မှုများအား လိုအပ်သည့်စစ်ဆေးမှုများဆောင်ရွက်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးနှင့် ပြည်သူ့သတင်းအချက်အလက်ဗျူရို အကြီးအကဲ အဂျီမူဟာ ဝါမန်က ပြောကြားသည်။

နိုင်ငံအတွင်း ၂၀၂၄ ခုနှစ်နှင့် ၂၀၂၆ ခုနှစ်အတွင်း ဟန်တာဗိုင်းရပ်စ်အတည်ပြုကူးစက်ခံရသူ ၂၃ ဦးကို တွေ့ရှိခဲ့ကြောင်း ၎င်းက ပြောကြားသည်။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ပူးပေါင်းကာ ရောဂါကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း  ကျန်းမာရေးဝန်ကြီး ဘူဒီဂူနာဒီဆာဒီကင်က ပြောကြားသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ