ဂျကာတာ  ဇူလိုင်  ၁၆

အင်ဒိုနီးရှားနိုင်ငံ  တောင်ဆူလာဝေစီ  ပြည်နယ်တွင် ဇူလိုင် ၁၅ ရက်က စက်ချွတ်ယွင်းမှု ဖြစ်ပွားပြီးနောက် ခရီးသည်တင်ရေယာဉ်တစ်စင်း  နစ်မြုပ်ခဲ့ရာ လူတစ်ဦးသေဆုံးပြီး ၂၄ ဦး ပျောက်ဆုံးနေကြောင်း   ကယ်ဆယ်ရေးသမားများက ဇူလိုင်  ၁၆ ရက်တွင် ပြောကြားသည်။

ရေယာဉ်နစ်မြုပ်မှုကြောင့် ယခုအချိန်အထိ  လူ  ၄၉  ဦးကို  ကယ်ဆယ်နိုင်ခဲ့ကြောင်း မကာဆာရှိ အင်ဒိုနီးရှားအမျိုးသားရှာဖွေရေးနှင့် ကယ်ဆယ်ရေးအေဂျင်စီ(Basarnas) က  ပြောကြားသည်။

အာဏာပိုင်များက ကနဦးတွင် ယာဉ်ပေါ်၌ လူ ၅၀ လိုက်ပါခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သော်လည်း စိစစ်အတည်ပြုပြီးနောက် လူ ၇၄ ဦး လိုက်ပါခဲ့ကြောင်း ပြင်ဆင်သတ်မှတ်ခဲ့သည်ဟု Basarnas  Makassar  ရုံး၏ အကြီးအကဲ   မိုဟာမက်   အာရစ် အန်ဝါ က ပြောကြားသည်။

ဆင်ဟွာ