ဂျကာတာ ၁၉ ဇူလိုင် 


အင်ဒိုနီးရှားနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇ ဒသမ ၂ အဆင့်ရှိ ငလျင် ကြောင့် လူအနည်းဆုံး ခြောက်ဦးသေဆုံး ခဲ့ပြီး ၅၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲ မှုဌာနက ယမန်နေ့က သတင်းထုတ်ပြန် လိုက်သည်။


ငလျင်ဒဏ်ကြောင့် ဒေသခံငါးဦး အဆောက်အအုံပြိုကျ သေဆုံးခဲ့ပြီး နောက် အသက် ၉၀ အရွယ် သက်ကြီး ရွယ်အိုတစ်ဦးလည်း ယာယီခိုလှုံရာစခန်း တွင် သေဆုံးခဲ့ကြောင်း အင်ဒိုနီးရှား သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုဌာန မှ ပြောရေးဆိုခွင့်ရှိသူ အော်ဂစ်ဝီဘိုဝူ က ယမန်နေ့က ပြောကြားလိုက်သည်။


အင်အားကြီးမားသည့် ငလျင် ကြောင့် ဇူလိုင် ၁၇ ရက် နံနက်ပိုင်းအထိ လူပေါင်း ၃၁၀၄ ဦးကို အရေးပေါ် ပြောင်းရွှေ့ခဲ့ရသလို နေအိမ်၊ ကျောင်း၊ လမ်းတံတားစသည့် အဆောက်အအုံ တစ်ထောင်နီးပါးပျက်စီးခဲ့ကြောင်း သိရသည်။


လတ်တလောတွင် အင်ဒိုနီးရှား သဘာဝဘေးအ္တရာယ်စီမံခန့်ခွဲမှုဌာန၊ တပ်မတော်နှင့် ရဲတပ်ဖွဲ့ ၊ အမျိုးသားရှာဖွေ ကယ်ဆယ်ရေးဌာန၊ စေတနာ့ရှင်ဝန်ထမ်း များနှင့် အရပ်ဘက်အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ ပူးပေါင်းကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။

 

ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများကိုလည်း ငလျင်ဒဏ်ခံဒေသများသို့ ပို့ဆောင်လျက်ရှိကြောင်း သိရသည်။ 

 

အင်ဒိုနီးရှားနိုင်ငံ မြောက်မာလူကူ ပြည်နယ်၊ တောင်ဟယ်မာဟီးရာဒေသကို ဗဟိုပြုကာ အနက် ၁၀ ကီလိုမီတာတွင် လှုပ်ခဲ့ခြင်းဖြစ်သည်။ ငလျင်လှုပ်ပြီးနောက် ငလျင်ဗဟိုပြုရာနေရာ အနီးတစ်ဝိုက်တွင် နောက်ဆက်တွဲငလျင်ငယ် အကြိမ်ပေါင်း ၆၅ ကြိမ် လှုပ်ခဲ့သည်။ 

 

အင်ဒိုနီးရှားနိုင်ငံသည် ပစိဖိတ် သမုဒ္ဒရာငလျင်ကြောတွင် တည်ရှိသည့် အတွက် နှစ်စဉ် ငလျင်ကြီး၊ ငလျင်ငယ် ပေါင်း အကြိမ်ထောင်ချီလှုပ်လေ့ရှိ ကြောင်း သိရသည်။


၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီအလယ် ပိုင်းပြည်နယ် ဒွန်ဂါလာတွင် ပြင်းအား ၇ ဒသမ ၄ အဆင့်ရှိ ငလျင်လှုပ်ခဲ့ရာ ငလျင် နှင့် ငလျင်ကြောင့်ဖြစ်ပွားသော ဆူနာမီကြောင့် လူပေါင်း ၂၀ဝ၀ ကျော် သေဆုံးခဲ့သည်။


ဆင်ဟွာ