အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားစီရင်စုရှိ ရဲစခန်းတစ်ခုအား အသေခံဗုံးခွဲတိုက်ခိုက်

ဂျကာတာ  ဒီဇင်ဘာ  ၉ 

 

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားစီရင်စုရှိ ဘန်ဒေါင်းမြို့ ရဲစခန်းတစ်ခုအား ယမန်နေ့က အသေခံဗုံးခွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးပြီး ကိုးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲအရာရှိများက ဆိုသည်။ 

 

သေဆုံးသူနှစ်ဦးမှာ ဗုံးဖောက်ခွဲသူနှင့် ရဲအရာရှိတစ်ဦးဖြစ်ကြောင်း ရဲချုပ် လစ်စတာရိုဆီဂစ် ပရာဘိုဝိုက ပြောကြားခဲ့သည်။

 

ဗုံးပေါက်ကွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင် ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက်တစ်ဦးမှာ အခင်းဖြစ်ရာဘေးတွင် လမ်းလျှောက်နေသည့် အရပ်သားတစ်ဦးဖြစ်ကြောင်း ပြည်နယ်ရဲမှူး Suntana က ပြောသည်။

 

ဒဏ်ရာရရှိသူ အားလုံးကို နီးစပ်ရာဆေးရုံတွင် ဆေးကုသမှုခံယူရန် ပို့ဆောင်ထားကြောင်း သိရသည်။ ဗုံးဖောက်ခွဲမှုကျူးလွန်သူမှာ Agus Sujatno ဖြစ်ကြောင်း ရဲချုပ်က ဆိုသည်။ 

 

အဆိုပါအမျိုးသားသည် ၂၀၁၈ ခုနှစ်တွင် အရှေ့ဂျာဗားပြည်နယ် အတွင်း အသေခံဗုံးဖောက်ခွဲခဲ့မှု ဖြစ်စဉ်နှင့် ဆက်စပ်သူတစ်ဦးဖြစ် ကြောင်း သိရသည်။ 

 

တစ်လင်တစ်မယားစနစ် ဥပဒေကို ဆန့်ကျင်ကွန့်ကွက်သည့် စာရွက်တစ်ရွက်အပါအဝင် ဆန္ဒပြရန်လှုံ့ဆော်သည့်  အထောက်အထားများစွာကို အဆိုပါဗုံးဖောက်ခွဲရာနေရာတွင် ရဲအရာရှိများက တွေ့ရှိခဲ့ကြောင်း သိရသည်။

 

ဒဏ်ရာရရှိသူ အားလုံးကို နီးစပ်ရာဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ 
ဘာသာပြန် - အောင်ကျော်ကျော်