ဂျကာတာ   ၈   ဇန်နဝါရီ

 

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဘက်ကမ်းလွန်တွင် ဇန်နဝါရီ ၇ ရက် နံနက်အစောပိုင်းက အင်အားပြင်းထန်သည့် မြေငလျင် လှုပ်ခဲ့ကြောင်း၊ ယင်းမြေငလျင်လှုပ်မှုကြောင့် ဆူနာမီ ဖြစ်ပေါ်ဖွယ်မရှိကြောင်း အင်ဒိုနီးရှားမိုးလေဝသနှင့် ဘူမိရူပဌာနက ထုတ်ဖော်ပြောကြားခဲ့သည်။

 

ဇန်နဝါရီ ၇ ရက် ဂျကာတာစံတော်ချိန် နံနက် ဝဝး၄၇ နာရီက ယင်းမြေ ငလျင်လှုပ်ခဲ့ခြင်းဖြစ်ပြီး မြေငလျင်မှာ မြောက်မာလူကူပြည်နယ် အနောက်မြောက်ဘက် ၁၄၆ ကီလိုမီတာအကွာရှိ ဟဲလ်မာဟီရာဒေသ ပင်လယ်ကမ်းလွန်၏ ပင်လယ်ကြမ်းပြင် မြေအောက် ၁၀ ကီလိုမီတာကို ဗဟိုပြုလှုပ်ခဲ့ခြင်းဖြစ်ကြောင်း အင်ဒိုနီးရှားမိုးလေဝသနှင့် ဘူမိရူပဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ယူဆွတ်ခါလီဒါအလီက ပြောကြားသည်။

 

၎င်းငလျင်လှုပ်ခတ်မှုနှင့် ပတ်သက်ပြီး မိမိတို့အနေဖြင့် ဆူနာမီသတိပေးချက် ထုတ်ပြန်ခြင်းမရှိကြောင်း ၎င်းက ဆင်ဟွာသတင်းဌာနသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားသည်။

 

ဆင်ဟွာ