ဂျကာတာ၊ ဇူလိုင် ၁
အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်၌ ဇွန် ၃၀ ရက်က မြေပြိုမှုဖြစ်ပွားပြီးနောက် လူနှစ်ဦးသေဆုံးခဲ့ပြီး တစ်ဦး ပျောက်ဆုံးလျက်ရှိကြောင်း အင်ဒိုနီးရှားနိုင်ငံသဘာဝဘေးအန္တရာယ် လျော့ပါးရေးအေဂျင်စီ (ဘီအင်န်ပီဘီ)က ပြောကြားခဲ့သည်။ မြေပြိုကျမှုသည် အရှေ့ဂျာဗားပြည်နယ် ဘလီတာဒေသ ဘူမီရီဂျိုရွာတွင် ဒေသစံတော်ချိန် ညနေ ၅ နာရီခန့်က ဖြစ်ပွားခဲ့သည်။
မီတာ ၅၀ မကမြင့်သည့် တောင်ကမ်းပါးရံ စွန်းတစ်ခုသည် အဆိုပါကျေးရွာရှိ ကြက်မွေးမြူရေးခြံပေါ်သို့ ရုတ်တရက်ပြိုကျခဲ့သည်။ မြေပြိုကျချိန်တွင် ကြက်မွေးမြူရေးခြံ၌ ကြက်ခြံပိုင်ရှင်နှင့်အတူ အလုပ်သမားသုံးဦး အလုပ်လုပ်ကိုင်လျက်ရှိသည်။
ကယ်ဆယ်ရေးသမားများသည် ဇွန် ၃၀ ရက်ညနေပိုင်းက အလုပ်သမားနှစ်ဦး၏ အလောင်းများကို ဖော်ထုတ်ခဲ့သော်လည်း ကြက်ခြံပိုင်ရှင်အလောင်းကို ဆက်လက်ရှာဖွေလျက်ရှိကြောင်း အင်ဒိုနီးရှားနိုင်ငံ သဘာဝ ဘေးအန္တရာယ်လျော့ပါးရေး အေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူ အက်ဘ်ဒူမူဟာရီ က ဇူလိုင် ၁ ရက်တွင် ပြောသည်။ အလုပ်သမားတစ်ဦးမှာ ဒဏ်ရာတချို့တစ်ဝက်နှင့်အတူ အသက်ရှင်လွတ်မြောက်ခဲ့ကြောင်း မူဟာရီက ဆက်လက်ပြောကြားခဲ့သည်။
ဆင်ဟွာ